Thursday, December 20, 2012

(၂၄)ပစ္စည်းပဌာန်းတော်

၁။ ဟေတုပစ္စယော
ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂။ အာရမ္မဏပစ္စယော၊
အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၃။ အဓိပတိပစ္စယော၊
အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၎။ အနန္တရပစ္စယော၊
အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၅။ သမနန္တရပစ္စယော၊
ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၆။ သဟဇာတပစ္စယော၊
တကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၇။ အညမညပစ္စယော၊
အချင်းချင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၈။ နိဿယပစ္စယော၊
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၉။ ဥပနိဿယပစ္စယော၊
အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၀။ ပုရေဇာတပစ္စယော၊
ရှေး၌ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၁။ ပစ္ဆာဇာတပစ္စယော၊
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၂။ အာသေ၀နပစ္စယော။
အဖန်တလဲလဲမှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၃။ ကမ္မပစ္စယော၊
မျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၄။ ၀ိပါကပစ္စယော၊
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၅။ အာဟာရပစ္စယော၊
ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၆။ ဣန္ဒြိယပစ္စယော၊
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၇။ ဈာနပစ္စယော၊
ကပ်၍ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၈။ မဂ္ဂပစ္စယော၊
အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၁၉။ သမ္ပယုတ္တပစ္စယော၊
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၀။ ၀ိပ္ပယုတ္တပစ္စယော၊
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၁။ အတ္ထိပစ္စယော၊
ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၂။ နတ္ထိပစ္စယော၊
မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၃။ ၀ိဂတပစ္စယော၊
ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
၂၄။ အ၀ိဂတပစ္စယော။
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပဌာန်းတော်ရွတ်ဖတ်ပူဇော်လျှင် ဘေးရန်ကင်းပါသည်။)
ပူဇော်သူ- သီဟ(ရေဦး)
* ယုံမှားသံသယရှိလျှင် ကျမ်းဂန်တို့၌ လေ့လာပါဗျာ။*